Sunday 4 May 2008

NGOတွေနေ၀င်ချိန်ရောက်တော့မှာလား

စက်တင်ဘာအရေးအခင်းကြီးဟာ ထိုင်းနိုင်ငံမှာအခြေပြုတဲ့နိုင်ငံရေးကိုအခြေခံတဲ့
NGOအဖွဲ့အစည်းများအပေါ် တော်တော်လေး ဂယက်ရိုက်စေခဲ့ပါတယ်။


စက်တင်ဘာတော်လှန်ရေးကြီးဖြစ်နေတုန်းကတော့ ဒီအရေးတော်ပုံကြီးဟာ
သေချာပေါက်အောင်မြင်မယ်လို့ယူဆထားသူတွေလည်းရှိကြပါတယ်။ထိုင်းနိုင်ငံက
နေပြီးတော့ဒီလူတွေစစ်သားတွေကို ပြန်ချပါလား၊ဘုန်းကြီးတွေ ဆက်ပြီးဘာလို့
ဆန္ဒမပြတာလဲ စသဖြင့်ဘေးကင်းရာကနေလေသေနတ်ပစ်နေသူတွေလည်းရှိပါရဲ့။
အဲဒီတုန်းကအမှတ်ထင်ထင် သတိရတာကဒီဖက်မှာတော်လှန်ရေးလုပ်နေတာကြာပြီဆိုတဲ့
လူတစ်ယောက်နှင့် ကျွန်တော် အငြင်းအခုန်ဖြစ်ကြတာကိုပါ။သူကဒီတော်လှန်ရေးကြီး
အောင်မြင်မယ်။ကျွန်တော်ကမအောင်မြင်ဘူးဆိုတာကိုငြင်းကြတာပါ။
ရလဒ်ကတော့စာဖတ်သူ သိတဲ့အတိုင်းပါပဲ။
ဒီအရေးတော်ပုံကြီးမအောင်မမြင်ဖြစ်ခဲ့တော့ထိုင်းနိုင်ငံအခြေစိုက်မြန်မာ့နိုင်ငံရေးဆိုင်ရာ
NGOအဖွဲ့တွေတော်တော်ကိုဒုက္ခရောက်ကုန်ကြပါတယ်။နှစ်စဉ်အသုံးစရိတ်တွေပေးနေတဲ့
အမေရိကန်နှင့်ဥရောပ၊ဂျပန်အစရှိတဲ့နိုင်ငံတွေကအဖွဲ့တွေက ဒီNGOတွေကို
ဘက်ဂျက်အသစ်ထပ်ချပေးဖို့လက်တွန့်ကုန်ပါတော့တယ်။
အကြောင်းကတော့စက်တင်ဘာတော်လှန်ရေးကြီးမှာထိုင်းနိုင်ငံအခြေစိုက်
မြန်မာNGOတွေဘာမှမကူညီပေးနိုင်ခဲ့ပါဘူး။ကန့်ကွက်စာ ၊သဘောထား
ထုတ်ပြန်ချက်တွေလောက်သာဆောင်ရွက်နိုင်ခဲ့တာပါ။နှစ်၂၀နီးပါး
ထောက်ပံ့လာခဲ့ပြီးတာတောင်မြန်မာ့နိုင်ငံရေးကဘာမှမပြောင်းလဲတော့
သူတို့လည်းစိတ်ပျက်ချင်တယ်ထင်ပါရဲ့။နောက်တစ်ခုကမြန်မာပြည်ပြုပြင်
ပြောင်းလဲရေးဆိုတာ မြန်မာနိုင်ငံထဲမှာရှိတဲ့ မြန်မာနိုင်ငံသားတွေကသာ
ထိရောက်အောင်ဆောင်ရွက်နိုင်တယ်ဆိုတာကိုသဘောပေါက်လာတာလည်း
ဖြစ်နိုင်ပါတယ်။အဖွဲ့အစည်းတစ်ခုကိုတစ်နှစ်အသုံးစရိတ်အောက်ထစ်
ဘတ်သန်း၃၀၀နီးပါးထောက်ပံ့ခဲ့တာပါ။ခုငွေလဲနှုန်းနှင့်ဆိုရင်
တစ်ဘတ်ကို ၃၇ကျပ်ဆိုတော့တွက်ကြည့်ကြပေါ့။
နောက်ပြီးထိုင်းနိုင်ငံမှာNGOတွေကများမှများ။ဒီလောက်ငွေတွေအကုန်ခံပြီး
ပြောင်းလဲမှုအတွက်လုပ်နေတာတောင်ဘာမှဖြစ်မလာတော့
NED(National Endowment for Democracy )အဖွဲ့ကြီးကလည်း
ဘတ်ဂျက်ပေးတာကိုစနစ်တကျလုပ်လာပါတော့တယ်။တစ်ချို့NGOတွေဆို
၂၀၀၉ခုနှစ်ထိပဲဘက်ဂျက်ရတော့မယ်လို့လည်းသိရတယ်။အရင်ကလိုပေါပေါသုံး၊
ပေါပေါမဖြုန်းနိုင်ကြတော့ပါဘူး။မြေပိုင်မဟုတ်ဘဲအဆောက်အဦးတွေဆောက်၊
မြေငှားတာနှစ်ပြည့်တော့ ထိုင်းလူမျိုးတွေဆီက တစ်ပြားတစ်ချပ်မှပြန်မရဘဲ
ဒီအဆောက်အဦးကြီးကိုဒီအတိုင်းထားခဲ့။ပိုက်ဆံတွေအလကားဖြစ်။
ခုတော့ဘာတွေဆက်လုပ်ကြမတုန်း။
နောက်တစ်ချက်က ထိုင်း-မြန်မာ နှစ်နိုင်ငံခေါင်းဆောင်များရဲ့ ဆက်ဆံရေးကလည်း
ဒီNGOတွေရဲ့ရပ်တည်ရေးမှာအများကြီးအရေးပါတယ်။မြန်မာအစိုးရနည်းနည်းလေး
ဝက်အူကြပ်ပေးလိုက်တာနှင့်လူတွေဖမ်း၊ကွန်ပြူတာတွေကိုစစ်နဲ့
ဆိုတော့ရှေ့လျှောက်ဒီခရီးကြမ်းကိုဘယ်လိုဖြတ်သန်းမလဲ။
ထိုင်းအစိုးရကလည်း မြန်မာခေါင်းဆောင်တွေနှင့်အဆင်မပြေရင်
ထိုင်းစီးပွားရေးကျဆင်းမှုဖြစ်တာကိုသိထားတော့ ဘယ်လိုပဲဖြစ်ဖြစ် သူကတော့
တည့်အောင်ပေါင်းမှာသေချာတယ်။
အချုပ်ပြောရရင်တော့ အနာဂတ်အတွက်NGOတွေစဉ်းစားဖို့လိုနေပါပြီ။စစ်အစိုးရကိုပဲ
ဝေဖန်အပြစ်တင်နေတာကိုခဏထားပြီးမိမိရဲ့အဖွဲ့အစည်းအတွင်းမှာလိုအပ်ချက်တွေ၊
ပြုပြင်စရာတွေကိုလုပ်ဆောင်ဖို့လိုလာပါပြီ။ခုလိုပဲ အချိန်တန်ရင်ဘက်ဂျက်လေး တင်၊
အလုပ်ကိုတာဝန်ကျေရုံလေးလုပ်၊တဇောက်ကန်းအတွေးအခေါ်နဲ့ကိုယ်ထင်ရာကိုယ်လုပ်၊
အဓိက နှင့်သာမညကိုမခွဲတတ် ခဲ့ရင်တော့ ထိုင်းနိုင်ငံအခြေစိုက်မြန်မာ နိုင်ငံရေးNGOတွေရဲ့
ရှေ့ရေး အတွက်ရင်လေးမိကြောင်းပါ...။

သင်ဘယ်လိုနိုင်ငံရေးသမားလဲ

သင်ဟာ အသက်၊သွေး၊ချွေး စတေးပြီး ခံယူချက်၊ယုံကြည်ချက် ခိုင်ခိုင်မာမာ နှင့်မြန်မာပြည် ဒီမိုကရေစီအရေးတော်ပုံ အောင်မြင်ရေးအတွက် နိုင်ငံရေးလုပ်နေတာလား။ဒါမှမဟုတ် ဒီလိုနိုင်ငံရေး သမားလား...


၁။စက္ကစုတ်နိုင်ငံရေးသမား

စစ်အစိုးရအားကန့်ကွက်စာ၊သဘောထားထုတ်ပြန်ကြေငြာချက်များသာထုတ်ပြန်ကြေငြာတတ်ပြီးဘာမှမလုပ်တတ်တဲ့နိုင်ငံရေးသမားလား။

၂။အာလူးဖုတ်နိုင်ငံရေးသမား

မိမိကိုယ်တိုင်ဘာမှလုပ်ဆောင်မှုမရှိသော်လည်းသူတပါးလုပ်ကိုင်ဆောင်ရွက်နေသည်ကိုဖေန်အပုတ်ချ၊အာလူးတွေဖုတ်ပြီး၊ ကိုယ်တိုင်ဘာမျှဟုတ်တိပတ်တိ မလုပ်တတ်တဲ့ နိုင်ငံရေးသမားလား။

၃။လက်ခေါက်မှုတ်နိုင်ငံရေးသမား

သူတစ်ပါးမှ အသက်သွေးချွေး ရင်းနှီး၍ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးလုပ်နေခြင်းအား လက်ခေါက်မှုတ်သြဘာပေး ၊မိမိကိုယ်တိုင်က ဘေးကင်းရာမှာနေပြီး တိုင်းပြည်အတွက်ချွေးတစ်စက်မျှမထွက်ဘူးတဲ့နိုင်ငံရေးသမားလား။

၎။ပိုက်ဆံထုတ်နိုင်ငံရေးသမား

နိုင်ငံတကာအဖွဲ့အစည်းများ၊အနောက်နိုင်ငံများမှပေးအပ်သော အလှူငွေပိုက်ဆံများအား နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက်အသုံးမချဘဲ မိမိ ပိုက်ဆံထုပ် ကြီးလာအောင်လုပ်ဆောင်ရန်သာ စိတ်ဝင်စားသော နိုင်ငံရေးသမားလား။

၅။ခွက်စောင်းခုတ်နိုင်ငံရေးသမား

နေရာရဖို့ ၊အာဏာရဖို့ ၊ပိုက်ဆံရဖို့ ရဲဘော်ရဲဘက်ချင်းမရှောင်၊တိုင်းပြည်မျက်နှာမထောက်ထား အချင်းချင်းခွက်စောင်းခုတ်ဖို့လောက်သာ စိတ်ဝင်စားသောနိုင်ငံရေးသမားလား။

၆။ကမြင်းရှုပ်နိုင်ငံရေးသမား

နိုင်ငံရေးကိုအယောင်ပြလုပ် ၊မိန်းမတွေတစ်ယောက်ပြီးတစ်ယောက်ယူ ၊ဖိုမရှုပ်ဖို့သာ လုပ်ဆောင်နေတဲ့ နိုင်ငံရေးသမားလား။

Followers

 

Copyright © 2009 by နေမင်းကြယ်စင်